//www.youtube.com/embed/r3v0A8YT-9E
အသက် ၂ဝပြည့်မွေးနေ့ကို မင်္ဂလာဆောင်အခမ်းအနားလောက်နီးနီး စီစဉ်ခဲ့တဲ့ ဝါဆိုမိုးဦးရဲ့ မွေးနေ့ပွဲကို ဇူလိုင် ၁၉ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အနုပညာလောကသားတွေ အများအပြားတက်ရောက်ခဲ့တဲ့ ဝါဆိုမိုးဦးရဲ့မွေးနေ့ ဘယ်လောက်ခမ်းနားကြီးကျယ်ခဲ့သလဲ။
သူ့ကိုချစ်တဲ့ ပရိသတ်တွေ သူ့မွေးနေ့ပွဲကိုကြည့်ပြီး ထပ်တူထပ်မျှ ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောလာသူက ဝါဆိုမိုးဦးပါ။ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ဆု သူတောင်းချင်ပါတယ်လို့လည်း ပြောပါတယ်။
ဇူလိုင် ၂၇ရက်နေ့မှာမှ အသက် ၂ဝတကယ့်ပြည့်မယ့် မွေးနေ့ပွဲကို အဆိုတော် အိမ့်ချစ်၊ Ar-T၊ အစ္စဏီ၊ စန္ဒီမြင့်လွင်၊ ဒိန်းဒေါင်၊ ခင်လှိုင် တို့က သီချင်းတွေနဲ့ ဖျော်ဖြေခဲ့သလို ဒါရိုက်တာ မောင်မျိုးမင်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်တို့ကလည်း မွေးနေ့ဆုတောင်းစကားတွေ ပြောခဲ့ပါတယ်။
ဝါဆိုမိုးဦး အောင်မြင်မှုထိပ်ဆုံးမှာ အမြဲတမ်းရှိနေစေဖို့၊ အသက် ၂ဝပြည့်မွေးနေ့မှသည် နှစ်ပေါင်းများစွာ အနုပညာနယ်ပယ်မှာ အောင်မြင်သူအဖြစ် ရပ်တည်နိုင်ဖို့ အဆိုတော် ရတနာမိုင်နဲ့ ရဲရင့်အောင်တို့ကလည်း ဆုတောင်းပေးခဲ့ပါတယ်။
သူ့မွေးနေ့ပွဲမှာ ပရိသတ်တွေပါဝင်နိုင်ဖို့အတွက် ဝါဆိုမိုးဦးရဲ့ Facebook စာမျက်နှာမှာ မေးထားတဲ့ မေးခွန်း ၁ဝခုကို အမှန်ဖြေနိုင်သူ ပရိသတ် ၁ဝယောက်ကို မဲနှိုက်ပြီး လက်ဆောင်တွေပေးဖို့စီစဉ်ခဲ့ပြီး တကယ် တက်ရောက်လာတဲ့ ၇ယောက်ကိုတော့ အဝတ်လျှော်စက်၊ ရေပူရေအေးစက်၊ ရေခဲသေတ္တာနဲ့ DVD Player ၄လုံးကို လက်ဆောင်ပေးခဲ့ပါတယ်။
No comments:
Post a Comment